===================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့ထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒိပ္ပကျေးရွာအုပ်စု၊ နဂါးဖောက်ကျေးရွာ၌ လုံးဝပျက်စီးအိမ်ခြေ(၆)လုံး၊ ရှော်ရည်ကျေးရွာ၌ လုံးဝပျက်စီးအိမ်ခြေ(၂)လုံး၊ ဂန့်ဂါကျေးရွာအုပ်စု၊ ဂန့်ဂါကျေးရွာ၌ လုံးဝပျက်စီးအိမ်ခြေ(၃)လုံး စုစုပေါင်းအိမ်ခြေ (၁၁) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့်
ကျောက်ပြင်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ပြင်ဆိပ်ကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း၊
ယာချောင်းကျေးရွာနှင့် တံဘက်လှန်းကျေးရွာတို့၌ စုစုပေါင်းလုံးဝပျက်စီးအိမ်ခြေ(၂)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် ကွန်းတောင်ကျေးရွာ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား ဘေးသင့်ပြည်သူများထံံသို့ (၁၆-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။