===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ (၁၆-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးနေအိမ် (၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာနှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ရန်ပုံငွေ (၅၀၀၀၀ိ/-) တို့အား (၁၆-၆-၂၀၁၈) ရက်နေ့၊ (၁၆း၅၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။ ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေနှင့် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။