ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးဘိုးတောကျေးရွာနှင့် ကလောခုံကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17 Pic 03

===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးဘိုးတောကျေးရွာနှင့် ကလောခုံကျေးရွာတို့၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မျောပါပျက်စီးနေအိမ် (၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀၀၀ိ/-)၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၄၆၂၀၀ိ/-)နှင့် ရေကြီးရေလျှံမှုကြောင့် ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်သည့် လူဦးရေ စုစုပေါင်း(၁၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၂၅၆၂၀၀ိ/-)၊ စုစုပေါင်းဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၀၂၄၀၀ိ/-)အား (၁၆-၆-၂၀၁၈) ရက်နေ့ (၁၄း၁၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events