===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊ ငဝန်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်တို့၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ် (၂၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၅၀၀၀၀ိ/-)၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းနေအိမ် (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၁၁၂)ဦးအတွက် (၂၃၅၂၀၀ိ/-)နှင့် အမိုးလန်ပျက်စီးခဲ့သည့် ဇောတိကဘုန်းတော်ကြီးအတွက် ကျောင်းဆောက်ရန်ပုံငွေ (၁၀၀၀၀၀ိ/-)အား (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၄း၁၅) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။