ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တောင်မြေပြိုပြီး မြေပိခဲ့၍ သေဆုံးခဲ့သူနှင့် ဒဏ်ရာရှိခဲ့သူအတွက် ထောက်ပံ့မှုသတင်း

16 Pic 04

==================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း (၁၅-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက္ကိုင်းတောင်ကျေးရွာအုပ်စု၊ လွန်ပူကျေးရွာနေ ဦးလပြည့်အောင်၏နေအိမ်မှာ တောင်မြေပြို၍ မြေပိသွားပါသဖြင့် သားဖြစ်သူ မောင်မိုးဇော် အသက် (၁၇) နှစ်မှာ သေဆုံးခဲ့ကာ ဦးလပြည့်အောင်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ပိုးရှီပြင်တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူလျက်ရှိသည့်အတွက် သေဆုံးခဲ့သူထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)နှင့် ဆေးဝါးကုသခံယူလျက်ရှိသူအတွက် (၅၀၀၀၀ိ/-) အား (၁၆-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရစ်သူမိသားစုအား အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events