===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ (၄) ရွာတို့၌ (၂၉-၅-၂၀၁၈) ရက်နေ့နှင့် (၉-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ လူ(၄)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၈၄၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာ၊ အမိုးလန်ခဲ့သည့်နေအိမ် (၅) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၇၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၄၇၈၄၀၀ိ/-) တို့အား (၁၆-၆-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။