===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စက်တော်ရာဘိုးဘွားရိပ်သာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်ခဲ့သဖြင့် အဘိုး(၁၄)ဦး၊ အဘွား(၂၄)ဦး၊ စုစုပေါင်း(၃၈)ဦးတို့အား JICA စောင်(၃၈)ထည်၊ ပိုက်ဖျာ(၃၈)ချပ်နှင့် ဆန်ရိက္ခာ၇ရက်စာရန်ပုံငွေ(၇၉၈၀၀ိ/-)အား (၁၆-၆-၂၀၁၈) ရက်နေ့၊ (၀၉း၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်ဇော်မိုးတို့နှင့်အတူ လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။