===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ချောင်းသာအုပ်စု၊ ခြောက်ကောင်ကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်ခဲ့သော အိမ်ထောင်စု (၉၈) စုမှ လူဦးရေ (၄၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၉၂၄၀၀၀ိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်းနှင့် ကျန်ရှိသော ရေဘေးသင့် ကျေးရွာများမှ ဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။