ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 02

16 Pic 03

===================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် (ရံုံးချုပ်) မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်အတွင်း၊ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျံဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ ယာယီခိုလှုံရာနေရာ(၇)ခု၌ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၁၃၈)စု၊ လူဦးရေ(၇၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး၊ အိမ်ထောင်စု(၁)စုလျှင် ဆီ(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှင့် ဆား(၂၅)ကျပ်သားနှုန်းဖြင့် ကျသင့်ငွေ (၁၇၅၅၃၀၀ိ/-) အားလည်းကောင်း၊ အသက်(၉၀)နှင့်အထက် အဘွား(၂)ဦးအတွက် ထောက်ပံ့ငွေ(၂၀၀၀၀ိ/-)အားလည်းကောင်း၊ မြောက်ဦးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျံဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ ယာယီခိုလှုံရာနေရာ(၄)ခုတွင် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၁၈၇)စု၊ လူဦးရေ(၉၂၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး၊ အိမ်ထောင်စု(၁)စုလျှင် ဆီ(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှင့် ဆား(၂၅)ကျပ်သားနှုန်းဖြင့် ကျသင့်ငွေ (၂၃၀၂၀၀၀ိ/-)အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၇၇၃၀၀ိ/-)အား (၁၅-၆-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events