===================================================
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ အမှတ် ၈ ရပ်ကွက်၊ ၁ လမ်း၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ရွေးမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သော အိမ်ထောင်စု ၆ စုမှ လူဦးရေ ၂၃ ဦးတို့အတွက် ဆန်ရိက္ခာဘိုး ၇ ရက်စာ (၄၈၃၀၀ိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။