ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 02

===================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း (၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘိန္ဓောကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၌ နေအိမ် (၄) လုံး၊ ရေတာလေးကျေးရွာ၌ နေအိမ်(၁)လုံး၊ ရင်းတိုက်ကွင်းကျေးရွာ၌ နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံးအမိုးလန်ပျက်စီးခြင်း၊ တစ်စိတ်တပိုင်းပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၅၄,၆၀၀ိ/-)၊ အမိုးလန်အိမ်ခြေ (၁) လုံးအတွက် (၅၀,၀၀၀ိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၅,၄၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၇) အိမ်ထောင်စာတို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events