တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 01

16 Pic 02

===================================================
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၃) လုံးမှ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်အိမ်လျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၃) လုံးအတွက် (၃) သိန်း၊ ပြောင်းရွေ့အိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးတစ်အိမ်လျှင် (၁) သိန်းနှုန်းဖြင့် (၂) သိန်း၊ ပြိုလဲအိမ် (၃) လုံးနှင့် ပြောင်းရွှေ့အိမ် (၂) လုံးမှ လူဦးရေ (၂၀) ဦးအတွက် ဆန်ဖိုးငွေ ၇ ရက်စာ (၄၂၀၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events