ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ စစ်တွေမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 01

===================================================
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်း (၁၄-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငတောက်တက်ကျေးရွာ၌ (ဓနိမိုး၊ဝါးကာ၊ဝါးခင်း) နေအိမ်(၁)လုံးနှင့် ဝါဘိုကျေးရွာ၌ (သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း) နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦး ဘေးသင့်ခဲ့သည့်အတွက် လုံးဝပျက်စီး(၂)လုံးမှ (ဓနိမိုး၊ဝါးကာ၊ဝါးခင်း)နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ (ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး)နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၄၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အိမ်ထောင်စု (၂)စုစာအား (၁၅-၆-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events