ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ရွှေတောင်မြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 01

===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ် ကျီးသဲအုပ်စု ညောင်လှရွာ၌ (၃၁-၅-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-) ကိုလည်းကောင်း၊

ရွှေတောင်မြို့နယ် ရပ်ကွက်(၂)ခု အုပ်စု(၂၆)စု ကျေးရွာ(၇၃)ရွာ၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ပလပ်စတစ်ပုံးပါ(၄)အိမ်ထောင်စာ၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀ိ/-)၊ အမိုးလန်ခဲ့သည့် နေအိမ်(၂၂၆)လုံးနှင့် ဘုန်းကြီးကျောင်း(၄)ကျောင်းအတွက် တန်ဖိုးသင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၉၂၈၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၈၅၄၇၆၀၀ိ/-) အားလည်းကောင်း

(၁၅-၆-၂၀၁၈) ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events