ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာအုပ်စု၊ နပင်းချိုင်ကျေးရွာ၊ ဆားပြင်ကျေးရွာနှင့် သဒွန်ကျေးရွာ လေဘေးသင့်ပြည်သူများနှင့် တောင်ကျရေကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

=========
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=========

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာအုပ်စု၊ နပင်းချိုင်ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ(၁)သိန်းကိုလည်းကောင်း၊

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် သဒွန်ကျေးရွာတို့၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် တောင်ကျရေကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/)၊ အိမ်ထောင်စု(၄)စုမှ ဘေးသင့်ပြည်သူ(၂၁)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၄၄၁၀၀ိ/)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၄)အိမ်ထောင်စုစာ စုစုပေါင်းထောက်ပံ့ငွေ (၅၄၄၁၀၀ိ/) အားလည်းကောင်း

(၁၄-၆-၂၀၁၈)နေ့တွင် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ို့ ကမ္ဘောဇဘဏ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events