ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

======
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
======

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၆၅၀၀၀ိ/)၊ အိမ်ထောင်စု(၃)စုမှ ဘေးသင့်ပြည်သူ(၁၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၆၃၀၀၀ိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၇၄၀၀ိ/) အား (၁၅-၆-၂၀၁၈)နေ့တွင် ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events