=====
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=====
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့မှ ပန်းတင်းကျွန်းသို့ တောင်ကုတ်ချောင်းအတိုင်း မောင်းနှင်သွားသော စက်လှေမှာ (၁၃-၆-၂၀၁၈) ရက်နေ့တွင် သလိန်ပြင်ကျေးရွာအုပ်စု၊ ဒေသအခေါ် င/တောက်တူပေါက်ချောင်းဝအနီး ကုလားရောင်မြစ်ဖျားအား ဖြတ်ကူးစဉ် လှိုင်းလှေပြင်းထန်ပြီး စက်လှေနစ်မြုပ်ကာ ခရီးသည် (၃) ဦးမှာ သလိန်ပြင်ကျေးရွာအုပ်စု ကမ်းဘက်သို့ကူးခတ်နိုင်ခဲ့ပြီး စက်လှေပိုင်ရှင် ဦးတူးနှင့် ခရီးသည် ဦးမြင့်နိုင်တို့ (၂) ဦးမှာ ရေနစ်သေဆုံးခဲ့သည့်အတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀ိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ ဧရာဝတီဘဏ်မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။