ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဘိုက‌လေးမြို့နယ်အတွင်း လေဘေးနှင့် ပင်လယ်ဒီ‌ရေမြင်‌့တက်ပြီး လှိုင်‌းရိုက်ခတ်မှု‌ကြောင်‌့ ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15 Pic 01
===================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုက‌လေးမြို့နယ် သာ‌‌‌ပေါင်‌းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့များတွင် လေ‌ဘေးဖြစ်ပွားခဲ့မှုကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်‌‌ထောင်စုအတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၆) မျိုး (၁) အိမ်‌‌ထောင်စာ၊ ဆန်ဖိုး‌ငွေ (၈၄၀၀) ကျပ်ကိုလည်းကောင်း၊ မ‌‌လော့‌ကျေးရွာ၌ အမိုးလန်ခဲ့သည့်နေအိမ် (၁) အိမ်အတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၀) မျိုး (၁) အိမ်‌‌ထောင်စာ၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေကျပ် (၁) သိန်း၊ ဆန်ဖိုး‌ငွေ (၂၁၀၀) ကျပ်တို့ကိုလည်‌း‌ကောင်‌း၊ ဧရာ‌ကျေးရွာ အမှတ် ၁ နှင်‌့ ၂ ရပ်ကွက်တို့တွင် ပင်လယ်ဒီ‌ရေမြင်‌့တက်ပြီး လှိုင်‌းရိုက်ခတ်မှု‌ကြောင်‌့ နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့သည်‌့အတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၆) မျိုး (၂) အိမ်‌‌ထောင်စာ၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေ (၂) သိန်းကျပ်၊ ဆန်ဖိုး‌ငွေ(၁၆၈၀၀) ကျပ်တို့ကိုလည်းကောင်း (၁၅-၆-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ‌ရှေ့‌မှောက်၌ သွား‌ရောက်‌‌ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events