သံတွဲမြို့နယ်၊ သပြေကွင်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ သပြေကွင်းကျေးရွာ၌ (၈-၆-၂၀၁၈) ရက်နေ့တွင်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၀,၅၀၀ိ/-) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_jun2018

Sign Up

Upcoming Events