
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၃၀.၅.၂၀၁၈)ရက်နေ့ မှ(၁၂.၆.၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးကြောင့် ကြိုရွှေ့အိမ်ခြေ/အိမ်ထာင်စု (၁၁၂)စု၊ ပြိုလဲအိမ်ခြေ(၁)လုံး၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၁၁၃)စု၊ လူဦးရေ(၄၁၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၈၇၁,၅၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၃၇၁,၅၀၀/-)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၁၄)အိမ်ထောင်စာကိုလည်းကောင်း (၁၃-၆-၂၀၁၈)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may/jun2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)