===================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၈) ရက်နေ့နှင့် (၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် ဘေးသင့်ပြည်သူ (၇၂) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၁၅၁၂၀၀ိ/-) အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အဆိုပါကယ်ဆယ်ရေးစခန်းမှ ဥက္ကဌထံ လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။