ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျားချောင်းကျေးရွာအုပ်စု၊ ကျားချောင်း ကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ ဖိုးငွေ (၁၀၆,၃၀၀ိ/-)ကျပ်အားလည်းကောင်း၊ ကျွဲခြံကျုံလမုကျေးရွာအုပ်စု၊ ကျွဲခြံကျုံလမုကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၂၂၁,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၂,၆၀၀ိ/-) ကျပ်အားလည်းကောင်း၊ ဝက်ကွင်းကျေးရွာအုပ်စု၊ ဝက်ကွင်းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၆,၃၀၀ိ/-) ကျပ်အားလည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၈) ရပ်ကွက်၊ နဝဒေးလမ်း၊ အုပ်စု (၃) ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၂,၆၀၀ိ/-) ကျပ်အားလည်းကောင်း၊ မော်လမြိုင်ကျွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jun2018

Sign Up

Upcoming Events