===================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာအုပ်စု၊ တခွက်ဖိုးကျေးရွာအုပ်စုနှင့် ပိုင်ကျုံမြို့ ကော့နွဲ့ကျေးရွာအုပ်စုတို့၌ (၉-၆-၂၀၁၈)ရက်နေ့နှင့် (၁၀-၆-၂၀၁၈) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၈) လုံးတို့မှ အိမ်ထောင်စု(၉)စု လူဦးရေ(၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး အိမ်ထောင်စု (၈) စုစာနှင့် ပြိုကျ/ပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၇၇၅၀၀ိ/-) တို့အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လှိုင်းဘွဲမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။