လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13 Pic 01

===================================================
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စု၊ ဘုရားချောင်းကျးရွာ၌ (၉-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၀၆၃၀၀ိ/-) အားလည်းကောင်း၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး(၁၀၆၃၀၀ိ/-) အားလည်းကောင်း၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ မြဂိုးစုကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး(၁၀၆၃၀၀ိ/-)အားလည်းကောင်း၊ ကျော်ဇံကျေးရွာအုပ်စု၊ ခလောက်ပုံကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး(၁၀၆၃၀၀ိ/-) အားလည်းကောင်း မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events