===================================================
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဇုံနယ်နှစ်ခြင်းဘုရားကျောင်း၊ မြစ်ကြီးနားမြို့နယ်၊ တန်ဖဲဘုရားကျောင်း၊ ဂျော်မဆတ်ဘုရားကျောင်းနှင့် တြီနီတီဘုရားကျောင်းသို့ ရှောက်ရှိလာသော ခေတ္တနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၇၂၁) စု လူဦးရေ (၃၂၀၆) ဦးတို့အတွက် အမျိုးသား သဘာ၀ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆန် (၁၀၀၁ ) အိတ် ၂၁ ပြည်၊ ဆီ (၁၄၄၂) ပိဿာ၊ ဆား (၇၂၁) ပိဿာ၊ ပဲ (၁၄၄၂) ပိဿာ၊ (၃၉၇၈၉၇၅၀ိ/-) တန်ဖိုးရှိ ဆန် ဆီ ဆား ပဲ (၁) လစာ၊ ရေသန့်ဆေး (၅၇၆၀) ထုပ်နှင့် တစ်ကိုယ်ရည်သန်ရှင်းရေးသုံးပစ္စည်းများ (၃၃) အိတ်တို့အား (၁၁-၆-၂၀၁၇) ရက်နေ့နှင့် (၁၂-၆-၂၀၁၈) ရက်နေ့တို့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၏ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။