မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဝါးခယ်မမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

12 Pic 04

===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ သံကြိုးတိုင်ရပ်ကွက် ရွှေညောင်ပင်၊ ကဝဲညောင်ချောင်းကျေးရွာအုပ်စု ရွာမကျေးရွာ၊ သစ်ချိုင့်ကျေးရွာအုပ်စု အလယ်ကွင်းကျေးရွာနှင့် ကျွန်းပြသာဒ်ကျေးရွာအုပ်စု ရွာမကျေးရွာတို့၌ (၁၀-၆-၂၀၁၈) ရက်နေ့နှင့် (၁၁-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊ ဘေးသင့်ပြည်သူ (၂၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၅၆၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅၆၇၀၀ိ/-) အား (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events