===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင် မြောင်းမြမြို့နယ် ကံချောင်းကျေးရွာအုပ်စု ခွေးမောင်းချောင်းကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဘေးသင့်ပြည်သူ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀ိ/-) ကိုလည်းကောင်း၊ (၁၁-၆-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန် မြောင်းမြမြို့နယ် ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု တဲ့တဲ့ကူးကျေးရွာ၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အမိုးလန်ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)၊ ဘေးသင့်ပြည်သူ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ တို့အား (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။