===================================================
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ အနောက်အင်းကုန်းကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-)၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၁၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၇၁၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၆) စုစာ တို့အားလည်ကောင်း၊ ဆက်လက်၍ ပွင့်ဖြူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ပိ၍ ပြိုကျခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀,၀၀၀ိ/-)၊ လူဦးရေ (၉) ဦးအတွက် (၁၈၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈၉၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အားလည်းကောင်း (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။