မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၃) စုမှ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

12 Pic 01

12 Pic 02

===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျုံစိန်ကျေးရွာအုပ်စု ကညင်ကုန်းကျေးရွာ၊ သာကွင်းကျေးရွာအုပ်စု တောကျားရိုးကျေးရွာနှင့် တမံကြီးကျေးရွာအုပ်စု ဘုရားချောင်းကျေးရွာတို့၌ (၈-၆-၂၀၁၈) ရက်နေ့နှင့် (၁၁-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၆၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၅၀၀ိ/-) နှင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၈၇၀၅၀၀ိ/-) အား အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events