လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့ တွင် ဟိုနား အ-ထ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးအား ငလျင်ဆိုင်ရာအသိ ပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ ဆောင်ရန်ရှောင်ရန်များအား ရှင်းလင်း ပြောကြားခြင်းနှင့် ငလျင်အသိပညာပေးလက်ကမ်းစာဆောင်များအား ဖြန့်ဝေပေးခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jun2018
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)