မြဝတီခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော ငွေကျပ်သိန်း (၅၀) နှင့် ပြည်နယ်အစိုးရမှ လှူဒါန်း သောနယ်စပ် ဖြတ်သန်းခရန်ပုံငွေ (၃၈) သိန်း၊ စုစုပေါင်း (၈၈) သိန်းဖြင့်ဝယ်ယူထားသော စက်တပ်ဖိုင်ဘာစက်လှေ ရေချစမ်းသပ်မောင်းနှင်ခြင်းကို (၄- ၆-၂၀၁၈) ရက်နေ့၌ ဆောင်ရွက်ခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးတို့မှ ကြည့်ရှူစစ်ဆေးခဲ့ပြီး အဆိုပါစက်လှေအား အရန်မီးသတ်စခန်းသို့ လွှဲပြောင်းပေးပို့ထားပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#krn_jun2018
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)