လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့တွင် မာန်အောင်မြို့နယ်၌ မုန်တိုင်ငယ်တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၄) လုံး အတွက် (၂၄) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊ လုံးဝပျက်စီးအိမ် (၂) လုံးအတွက် (၂) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ တစ်စိတ်တစ်ပိုင်းအိမ် (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၄၇၅၀၀) ကျပ် ၊ လုံးဝပျက်စီးအိမ် (၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁၀) ကျောင်းအတွက် (၇၀၉၅၀၀) ကျပ်နှင့် ဘေးသင့်ပြည်သူ (၉၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၀၅၄၀၀) ကျပ်တို့အား (၄-၅-၂၁၀၈) ရက်နေ့တွင် တောင်ကုတ်-မာန်အောင် ရွေပြည်တန် အမြန်ရေယာဉ် ဆိပ်ကမ်းမှ မာန်အောင်အထွေထွေအုပ်ချုပ်ရေးဦးစီးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ha_str
#rke_jun2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)