လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်းရှိ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် (၈-၅-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစား ခဲ့ရသော ပြိုလဲအိမ်ခြေ (၃) လုံး၊ အမိုးလန်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၈၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၉၉,၇၀၀ိ/-) ကျပ်အားလည်းကောင်း မြန်အောင်မြို့နယ်အတွင်းရှိ မရွေးကုန်းကျေးရွာအုပ်စုတွင် (၁၄-၅-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒဏ်ခံစား ခဲ့ရသော အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀ိ/-) ကျပ်တို့အားလည်းကောင်း (၄-၆-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fir
#ayy_jun2018