လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၆-၅-၂၀၁၈) ရက် နေ့မှ (၁၃-၅-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၄) လုံး၊ အမိုးလန် အိမ်ခြေ (၁၄၇) လုံး၊ လူဦးရေ (၅၃၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆,၄၉၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၁၉,၃၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၈၀၉,၃၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၂၀-၅-၂၀၁၈) ရက်နေ့မှ (၃၁-၅-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးနှင့် ကမ်းပြိုဘေးသင့်၍ ရွှေ့ပြောင်းရသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၄၄,၇၀၀ိ/-) ကျပ်တို့အားလည်း ကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အားလည်းကောင်း (၄-၆-၂၀၁၈) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါ သည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_jun2018