လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၃-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကမ်းနှင့်နီးကပ်၍ ကမ်းပြိုမည့် အန္တရာယ်နှင့်ကြုံတွေ့နိုင်သော နေအိမ်များအား ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ရာ ဖျက်သိမ်းပြောင်းရွှွှေ့ လူနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၅,၇၀၀ိ/-) ကျပ်တို့အား (၄-၆-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
mgy_jun2018