လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် (ပေစိကျွန်း၊ ထိပ်ဝကြီး၊ ဗြမာပြသာ်၊ သံကြိုး၊ စက္ကော့ရေလယ်၊ ရွာသစ်၊ သပြုရေလယ်) ကျေးရွာအုပ်စုတို့၌ (၁၄/၁၅/၁၉/၂၅/၂၉- ၅- ၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀ိ/-) ကျပ်၊ တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၃၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၂၅၇) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၅၃၉၇၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၅၆၉,၇၀၀ိ/-)ကျပ်တို့အား (၄ – ၆ – ၂၀၁၈) ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
ayy_jun2018