===================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲမြို့နယ်၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လုံးဝပျက်စီးခဲ့သည့်အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ် (၈၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈၆) အိမ်ထောင်စုစာ၊ လုံးဝပျက်စီးခဲ့သည့် အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ် (၈၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၁၀၀၀၀ိ/-)၊ လူဦးရေ (၃၄၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)၇က်စာ (၇၂၈၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၃၈၇၀၀ိ/-) နှင့် ငပလီမြို့နယ်၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၅၀၀၀၀ိ/-)၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၀၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁၀၉၀၀ိ/-) အား (၄-၆-၂၀၁၈) ရက်နေ့တွင် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။