ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ရဲခေါင်ကြီး (တောင်) ကျေးရွာ၊ ချောင်းဝကျေးရွာအုပ်စု၊ ကန်ဆိပ်ကျေးရွာ၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ ဘိုးညိုကုန်းကျေးရွာ၊ အောင်ခိုင်ကျေးရွာ၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာ၊ ကျောက်ကလပ်ကျေးရွာနှင့် နကုန်း ကျေးရွာအုပ်စု၊ နကုန်းကျေးရွာတို့တွင် (၂၈-၅-၂၀၁၈) ရက်နေ့နှင့် (၂၉-၅-၂၀၁၈) ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၂) ပုံး၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၂၅၀၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၀,၈၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၅၀,၈၀၀ိ/-) ကျပ်တို့အား (၁-၆-၂၀၁၈) ရက်နေ့တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
ayy_jun2018

Sign Up

Upcoming Events