ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနှင့် ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘွားကြီးကျောကျေးရွာတို့၌ (၂၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး ခဲ့ သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၆) မျိုးပါ (၁) ပုံး (၈၈,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀ိ/-) ကျပ်နှင့် အမိုးလန်ပျက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်တို့အား (၃၁-၅-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
ayy_jun2018

Sign Up

Upcoming Events