====================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
====================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၀၀) နာရီမှ (၁၆း၃၀) နာရီအထိ ကျိုင်းတုံမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ စုဖူးမားဘုရား၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ငလျင်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ဆောင်လက်ရှောင်ရန်များ၊ နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲ၌ ဒုတိယဦးစီးမှူး၊ ဒေါ်စန္ဒာရွှေမှ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး၊ ဒေါ်နန်းမွှေးမွှေးခင်မှ မီးဘေး၊ ရေဘေး၊လေပြင်းဘေးနှင့် ငလျင်ဘေးအကြောင်းအားလည်းကောင်း၊ အကြီးတန်းစာရေး၊ ဦးမောင်မောင်စိုးမှ မိုးကြိုးဘေးအားလည်းကောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သိရှိရပါသည်။