လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာ၌ (၃၀-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁) အိမ်ထောင်စာ၊ ပြိုကျနေအိမ် (၁) လုံနှင့် အမိုးလန် နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၄၅,၀၀၀ိ/-) ကျပ်တို့အား (၃၁-၅-၂၀၁၈) ရက်နေ့တွင် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_jun2018