လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်စာရေးအုပ်စု၊ ဆင်ရွာကျေးရွာတွင် (၂၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ ( ၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀ိ/-) ကျပ်အားလည်းကောင်း၊ သောင်ပြင်ကုန်းအုပ်စု၊ ကျေးရွာ (၂) ရွာတွင် (၂၅-၅-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၁,၄၀၀,၀၀ဝိ/-) ကျပ်အားလည်းကောင်း၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာတွင် (၂၈-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မူှကြောင့် အမိုးလန်နေအိမ် (၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၄၂,၄၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၄၈,၇၀၀ိ/-) ကျပ်တို့အား (၃၁-၅-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_rbe
#bgo_jun2018