လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း၌ (၂၉ -၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၅) အိမ်ထောင်စာ၊ လုံးဝပျက်စီး နေအိမ် (၁၃) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးနေအိမ် (၂၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈) သိန်းကျပ်နှင့် လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၅၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၃၅၂၀၀ိ/-) ကျပ်တို့အား (၁-၆-၂၀၁၈) ရက် နေ့တွင် အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_Jun2018

Sign Up

Upcoming Events