လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့်ကျေးရွာ (၅) ရွာတို့တွင် (၃၀-၅-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန် အိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၆၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၂,၃၀၀ိ/-) ကျပ်တို့အား (၁-၆-၂၀၁၈) ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_jun 2018

Sign Up

Upcoming Events