လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့နယ်တွင် (၂၉-၅-၂၀၁၈) ရက်နေ့ တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံနှင့် ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာ၊ ထောက်ပံ့ငွေ (၅၄၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၅၇၉,၉၀၀ိ/-)ကျပ်တို့အား (၃၁-၅-၂၀၁၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#rke_Jun2018