
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လွှစာကျေးရွာ အုပ်စု၊ ရွှေကျွန်းသာကျေးရွာ၊ မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာ (ရွာမ)၊ ကုက္ကိုကျေးရွာ အုပ်စု၊ ကြာကံစုကျေးရွာ၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ လတာချောင်းကျေးရွာ၊ ကကရံကျေးရွာအုပ်စု၊ ရွာမ အနောက်ကျေးရွာတို့၌ (၂၈-၅-၂၀၁၈) ရက်နေ့မှ (၂၉-၅-၂၀၁၈) ရက်နေ့အထိဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၇) ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၆၉,၃၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၆၉,၃၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ (၂၆-၅-၂၀၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် မျှောပိုက်ငါးဖမ်းလုပ်ငန်းဆောင်ရွက်သည့် စက်လှေတိမ်းမှောက်မှုကြောင့် လပွတ္တာ မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာသို့ ရေမျောပါလာသော ရေလုပ်သား (၇) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၃) မျိုးပါ (၇) စုံနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာတို့အား (၃၁-၅-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ရွေးနဒီခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_str
#ayy_Jun2018