လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျေးရွာ (၆) ရွာ၊ ရပ်ကွက် (၁) ခုတို့တွင် (၂၂/၂၆-၅-၂၀၁၈) ရက်နေ့၊ (၁၈း၀၀) နာရီနှင့် (၁၆း၃၀) နာရီအချိန်တို့၌ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၄၁) လုံး၊ အိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၁၇၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၉,၁၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀ိ/-)ကျပ်၊ ဘုန်းကြီးကျောင်း ဓမ္မရုံ (၂) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၅၉,၁၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄၁) အိမ်ထောင်စာတို့အား (၃၁-၅-၂၀၁၈) ရက် နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနှင့်အတူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_Jun2018