လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၅-၂၀၁၈) ရက်နေ့တွင် လဟယ်မြို့နယ်၊ မာလာတောင်ခန်းမ၌ (၁၄း၃၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးဝန်ထမ်း စုစုပေါင်း (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_Jun2018