မိမိသဘောဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအား နှစ်နိုင်ငံသဘာတူညီ ချက်ပါလုပ်ငန်းစဉ်အတိုင်း ပြန်လည်နေရာချထားမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကြီးကြပ်ဆောင်ရွက်

၃၁မေ၊ စစ်တွေ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးအောင်ကျော်ဇံ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင် မြို့သို့ အမြန်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ထိုမှတဆင့် မော်တော်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ လှဖိုး ခေါင်ကြားစခန်းသို့ရောက်ရှိပြီး မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများအား ၎င်းတို့၏ မူလနေထိုင်ရာနေရာများ သို့မဟုတ် အနီးစပ်ဆုံးနေရာများသို့ နေရာချထားရန် ဆောင်ရွက်နေမှုများကို သွားရောက်ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိမိသဘောဆန္ဒအလျောက်ပြန်လည် ဝင်ရောက်လာသူများ အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိ သောနိုင်ငံသားလျှောက်ထားသည့် အစီအစဉ်တွင် ပထမအဆင့် NV Cardကိုင်ဆောင်ခြင်း၊ တစ်ပြိုင် တည်းမှာပင် နိုင်ငံသားစိစစ်မှုကို ဥပဒေနှင့်အညီ ခံယူရန်လိုအပ်သော လျှောက်လွှာများဖြည့်ခြင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများက ၎င်းတို့၏မိသားစုများ ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရှိသော ပြန်လည် ဝင်ရောက်လာသူများနှင့် တွေ့ဆုံကာသံတမန်နည်းလမ်းဖြင့် ဆက်သွယ်ခေါ်ယူပေးနိုင်ရေး စီစဉ်ဆောင် ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းလိပ်စာနှင့် မိသားစုစာရင်းများရယူခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ (၇) ရက်စာထောက်ပံ့နေမှုနှင့် Family Kit များပေးဝေခြင်းတို့ ကိုဆောင်ရွက်ခဲ့ကြပါ သည်။
မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူ(၆၂)ဦးအား နှစ်နိုင်ငံသဘောတူညီချက်ပါလုပ်ငန်း စဉ်များအတိုင်း ငါးခူရမှတဆင့် လှဖိုးခေါင်ကြားစခန်းတွင် ခေတ္တနေထိုင်စဉ်ကာလအတွင်း နိုင်ငံတော် အနေဖြင့် ၎င်းတို့၏ နေရပ်သို့ ပြန်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များကိုစီစဉ်ဆောင်ရွက်နေစဉ် ၎င်းတို့ထဲမှ (၁၀) ဦးမှာ စခန်းမှမိမိတို့ အစီအစဉ်ဖြင့် နေရပ်များသို့ ထွက်ခွာသွားခဲ့ကြပြီးကျန်ရှိသူ (၅၂) ဦးအား ၎င်းတို့၏နေရပ်များသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများထံစနစ်တကျ လွှဲအပ်ခြင်း၊ မှတ်တမ်းတင်ခြင်းများဆောင်ရွက်ပေးခဲ့ပါသည်။ လူမှုဝန်ထမ်း ဦးစီးဌာနက ပြည်နယ်ညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့သည် အဖွဲ့ငယ်များဖွဲ့စည်း ကာနေရပ်ပြန်သူများ အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်းနည်းပညာများဖြင့် ဆက်လက်ပံ့ပိုးကူညီပေးကြရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။
#hl1
#rke_may2018

Sign Up

Upcoming Events