လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ ဘေးသင့်ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဒဏ်ရာရ လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅,၇၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၈၅,၇၀၀ိ/-)ကျပ်တို့အား (၃၀-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mon_may2018

Sign Up

Upcoming Events